🌟 ပင်မစာမျက်နှာသို့

ပြည် မြန်မာ

Username: @pmyanmar

📜 ဤသူ၏ ကုသိုလ်မှတ်တမ်း ပို့စ်များ

လေးမျက်နှာရေးကြီးမှု ပိုမိုဆိုးရွာလာ..

2026-08-06 23:24:09

ငဝန်မြစ်ရေကာတာကျိုးတဲ့ လေးမျက်နှာမြို့နယ်မှာ ရေဝင်ရောက်မှု ထပ်များလာသလို ရေစီးသန်တာကြောင့် ဒီနေ့ ရေကြီးတဲ့ ခြောက်ရက်မြောက်မှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ တာကျိုးတဲ့နေရာကို ပြုပြင်မှုတွေလုပ်နေပေမဲ့ အလုံးစုံမပြင်နိုင်သလို ထပ်မံ ကျိုးပေါက်တဲ့နေရာတွေ ရှိနေတာကြောင့် ရေပြန်ကျဖို့ ရက်အတော်ကြာနိုင်တယ်လို့ ဒေသခံတွေကပြောနေပါတယ်။ ရေဘေးကူညီကယ်ဆယ်ရေးမှာ စက်သုံးဆီ၊ သောက်သုံးရေ၊ မြေပုံလိုအပ်ချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ မတာရာက စုစည်းပြောပြပါမယ်။ (ဘီဘီစီ)

ပါဠိသိပ္ပံ ဘ/က ကလေးများအတွက်မုန့်အလှူ

2026-08-06 23:12:30

ညောင်လေးပင်မြို့၊ မြို့မ ၁ ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ ပါဠိသိပ္ပံ ဘ/က ကလေးများအတွက် မုန့်လှူဒါန်း။ အလှူရှင်များသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

အရှင်ပညာသိရီ၏ (၄၂ )နှစ်ပြည့်မွေးနေ့အလှူတော်

2026-08-06 17:45:01

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ပါဠိသိပ္ပံကျောင်းတိုက်
(သာသနဓဇဓမ္မာစရိယ၊ Diploma, B.A., M.A., M.Phil., Ph.D – Thesis)
ဘဒ္ဒန္တ ပညာသိရီ ၏ (၄၂) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဆင်ယင်ကျင်းပရာ၌ ပင့်သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့နှင့်တကွ လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိတ်သတ်တို့ကို ကျွေးမွေးလှူဒါန်းခြင်းစသော ကုသိုလ်တို့ကို ပြုလုပ်လှူဒါန်းမည်ဖြစ်ပါသောကြောင့် အတူတကွ "ရေစက်ချ အနုမောဒနာ တရားတော်နာ " ကြွရောက်ကြပါရန် မေတ္တာရှေ့ထား ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။